ဘလော့စပေါ့ တွေ ကြည့်လို့ရနေပြီ

ထူးဆန်းပါပေ့ ..
ကျေးဇူးလည်းတင်ပါပေ့
တင်နေတဲ့ကျေးဇူးလေးတွေမပျက်ပါရစေနဲ့
ဖွင့်ထားတဲ့ blogger site ကလေးတွေကိုလည်းပြန်ပိတ်မပစ်ကြပါနဲ့
ကျေးဇူးတင်နေပါရစေဗျာ

--
Nay Soe Naing
www.naysoenaing.com

အောင်မြင်မှုသို့ချဉ်းကပ်ခြင်း


 

လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေသူတစ်ဦး (သို့) အုပ်ချုပ် နေရသူ တစ်ဦးအတွက် အဓိက မျက်ချေမပြတ် စောင့်ကြည့်ရမယ့် အရာနှစ်ခုရှိပါတယ်။ ဘာတွေလဲဆိုတော့ ။မိမိ အဖွဲ့အစည်း အတွင်း အခြေနေ နဲ့ပြင်ပ ပတ်ဝန်းကျင်အခြေအနေကို သတိနဲ့ ကြည့်တတ်ခြင်းပါပဲ။

 

မိမိ အဖွဲ့အစည်း အတွင်း အခြေအနေ ဆိုတဲ့နေရာ မှာ ကိုယ့် အဖွဲ့အစည်းရဲ့ အား နည်းချက် ၊ အားသာချက်(ခွန်အား) စတဲ့ အရာတွေကို အဖန်ဖန် ပြန်လည်သုံးသပ်တတ်ဖို့ ဟာ အလွန်အရေးကြီးလှပါတယ်။ ဘယ်နေရာမှာ မဆို ၊ ဘယ်ပုဂ္ဂိုလ် အကြောင်းအရာ မဆို အားနည်းချက် ၊ အားသာချက် ခွန်အားဆိုတာတွေဟာ ရှိစမြဲပါ။ ဒါပေမဲ့ ကိုယ့်မှာ (သို့) ကိုယ့် အဖွဲ့အစည်းမှာ ဘယ်နေရာမှာတော့ အားသာတယ်။ ဘယ်နေရာမှာတော့ အားနည်းနေတယ်။ အားထပ်ဖြည့်မလား ၊ ရှိပြီးသား အင်အားကို ကျစ်လစ်အောင် လုပ်မလား ဆိုတာတွေဟာ ဦးဆောင်သူတို့ စဉ်းစား ကာ ဆုံးဖြတ်ရမယ့် ကိစ္စတွေပါ။ ဒါပေမဲ့ အပြောမှာလွယ်သလောက် တကယ်လက်တွေ့လုပ်တဲ့အခါ ခက်ခဲနေတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေမှာ တချို့ က စီမံကိန်းချတဲ့နေရာမှာတော်တယ် ၊ တချို့က အကောင်အထည်ဖော်တဲ့နေရာမှာတော်တယ် ၊ တချို့က ဈေးကွက်ရှာရာမှာတော်ကြတယ် ၊ တချို့ကတော့ ရရှိထားတဲ့ဈေးကွက် ကိုထိမ်းထားနိုင်တဲ့ အရည်အချင်းတွေရှိကြတယ်။

 

ဒီလိုမိမိအဖွဲ့အစည်း အတွင်းမှာရှိတဲ့ အရည်အချင်းများစွာကို အချိုးကျကျ စီမံခန့်ခွဲပြီး အားနည်းနေတဲ့နေရာ ကို အားဖြည့်ပေးခြင်း ၊ ကျားကန်ပေးခြင်း စတာတွေ လုပ်ဆောင်ပေးထားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်မှာအောင်မြင်မှုရကြတယ်။ အချို့စီးပွားရေးလုပ်ငန်း တွေမှာ ကြော်ငြာ ၊ ဈေးကွက်ရှာဖွေရေး အရမ်းကောင်းတာကြောင့် အချိန်တို အတွင်းမှာ လူသိများလာတယ်။ ဒါပေမဲ့ အပြောနဲ့ လက်တွေ့ သိပ်မကိုက်ကြတာတွေ တွေ့နေရတယ် ၊ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တဲ့အခါမှာ အားနည်းလာတယ်။ အကောင်ထည်ပေါ်သွားတဲ့ စီမံကိန်းများကို ထိန်းသိမ်းတဲ့နေရာမှာ အားနည်းလာတယ် ။ ဒီတော့ အကျိုးဆက်က ဘာဖြစ်သွားလဲ စားသုံးသူတွေဟာ သူတို့ကို မယုံတော့ဘူး ။ ကိုယ်မလုပ်နိုင်တာကို လူရှေ့မှာ ချပြ မိသွားတယ် ။ အဖတ်ဆယ်လို့မရတော့ဘူး ။ ဒါဘာဖြစ်တာလဲဆိုတော့ ကိုယ့် အဖွဲ့အစည်းရဲ့ အားနည်းချက် ၊ အားသာချက် ကို ကြိုတင်တွေးမထားခြင်း ရဲ့ ရလဒ်ပဲလို့ ယျေဘုယျကောက်ချက်ချနိုင်တယ်။ ကိုယ်သာ ကိုယ့်အဖွဲ့ အစည်း ရဲ့ အားနည်းချက် ၊ အားသာချက်တွေကို သိခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ရမယ်။ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်ဖို့ အရေးကြီးသလို ၊ ရထားတဲ့အောင်မြင်မှုကို ထိမ်းသိမ်းထားနိုင် ဖို့ ဟာလည်း အလွန့်အလွန် အရေးကြီးပါတယ်။ ကိုယ့်အကြောင်းကိုယ်သိနေယုံနဲ့ လုံလောက်ပြီလား ။ အဖြေက နိုးပေါ့ ။ ဟုတ်ဖူးလား ။ကျွန်တော်တို့က စီးပွားရေးလုပ်မှာလေ ကိုယ့်အဖွဲ့အစည်းအပြင်ကလူတွေနဲ့ စီးပွားရေးလုပ်ရမှာ ဒါကြောင့် သူတို့အကြောင်း မသိရင် ဘာဖြစ်သွားမလဲ ။ ဒီတော့ သူတို့အကြောင်းသိဖို့ လိုဘူးလားဗျာ ။

 

ကျွန်တော်တို့ က ရှေ့မှာ ကိုယ့်အဖွဲ့အစည်းအကြောင်း ပြန်လည်သုံးသပ်ပြီး အားနည်းချက် ၊ အားသာချက် ခွန်အား တွေကို သိသွားပြီဆိုကြပါစို့ ။ ကိုယ်သိထားတဲ့ ကိုယ့်အဖွဲ့အစည်း အကြောင်းကို အသုံးချပြီး ဘယ်လိုအောင်မြင်မှုရအောင်ယူမလဲ။

 

ပတ်ဝန်းကျင်အကြောင်းကိုလေ့လာရာမှာ ကိုယ့်ရဲ့ပြိုင်ဖက်တွေဘာတွေလုပ်နေလဲ ။ သူတို့ရဲ့ နောက်ခြေလှမ်းကဘာဖြစ်မလဲ ကြိုတင်တွေးထားရမယ်။ အစိုးရရဲ့ ဥပဒေတွေ ဘာတွေအပြောင်းအလဲဖြစ်လာနိုင်မလဲ ။ တကယ်လို့ ဖြစ်လာခဲ့ရင် ကိုယ့် ရဲ့ အဖွဲ့အစည်း (သို့) ကိုယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်လား ၊ အစိုးရအကောင်အထည်မဖော်ရသေးတဲ့ ဥပဒေတွေ အကောင်အထည်ဖော်ဖြစ်ခဲ့ရင် ကိုယ့် အဖွဲ့အစည်းပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိလာမလဲ စတာတွေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေရမယ်။

 

ဒီလိုစောင့်ကြည့်နေနိုင်မှသာ ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ကို မြင်တွေ့လာမယ်။ ကိုယ့်အဖွဲ့အစည်း အတွက် သတိထားရမယ့် အရာတွေကို ကြိုတင်ခန့်မှန်းနိုင်မယ်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေရင်းနဲ့ ကိုယ့် အဖွဲ့ အစည်းက အားသာတဲ့ အချက် နဲ့ သူတို့ရဲ့လိုအပ်ချက် ကိုက်ညီသွားတာကိုတွေ့ရင် ဒါဟာ ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းပဲ။ ကိုယ်အတွက် အခက်အခဲ လို့ ထင်နေတဲ့ အရာတစ်ခုကို ကိုယ့်ပြိုင်ဖက် က သာသာ ယာယာ လုပ်ယူသွားတာကို တွေ့လိုက်ရရင် ဒီအပေါ်မှာ ကိုယ့်ရဲ့ အားနည်းချက်ကိုပြန်ရှာကြည့်ရမယ်။ အခွင့်အလမ်းမှန်းလည်းသိတယ် ဒါပေမဲ့ ကိုယ်မလုပ်နိုင်ဘူး လို့ သိလိုက်ရင် (သို့) လုပ်လို့တော့ရတယ် လုပ်လိုက်ရင် ကိုယ့်အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်နိုင်မယ် ဆိုတာတွေကို သတိထားမိလာမယ် ဆိုရင် ဒါကျွန်တော်တို့အတွက် ကောင်းတဲ့ရလဒ်ပဲ။ ဒါဟာ အဖွဲ့အစည်းအတွက်ဖြစ်လာနိုင်မယ့် အန္တရာယ်ကို ကြိုသိတာပဲ။ ကျွန်တော်တို့တွေကြားဖူးပြီးသားပါ ပိုက်ဆံ ၁၀ ၀င်တယ်ဆိုတာ ပိုက်ဆံ ၁၀ ကိုယ့်ဆီရောက်လာတာဖြစ်နိုင်သလို ကိုယ့်အိပ်ထဲက ပိုက်ဆံ၁၀ အပြင်ကိုမလိုအပ်ဘဲ ထွက်မသွားတာကိုလည်း ဆိုလိုရာရောက်တယ်လေ။

 

ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ၊ သတိထားစရာတွေဟာဘယ်မှာရှိလဲ ဆိုတဲ့ မေးခွန်း အတွက် သေချာတဲ့ အဖြေကတော့  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲ ရှိမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ က ပတ်ဝန်းကျင်မှာပဲအလုပ်လုပ်ကြရမှာမဟုတ်လား ။ ဒါကြောင့်သေချာတာကတော့ ပတ်ဝန်းကျင်ကို လေ့လာမှုမပြုနိုင်ရင် ကျွန်တော် တို့ အတွက် အခွင့်အလမ်းနဲ့ သတိထားရမယ့် အချက်တွေကို ကျွန်တော်တို့မသိနိုင်ဘူး။

 

ဒါကြောင့်  . . .

ကိုယ့်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ ၊ သတိထားစရာတွေကို သိချင်ရင် ပတ်ဝန်းကျင်ကိုစောင့်ကြည့်လေ့လာ သုံးသပ်ပါ ။

 

သိလာတဲ့ အခွင့်အလမ်းတွေကို အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ဖို့ အတွက် ဆိုရင် ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းတဲ့ အပိုင်းနဲ့ ၊ကိုယ့်အဖွဲ့အစည်းရဲ့ အားသာတဲ့အပိုင်း (ခွန်အား) ကိုမြင်အောင်ကြည့် ပြီးထိရောက်အောင်အသုံးပြုပါ။

 

သင်ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင် (သို့) စီမံခန့်ခွဲသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

 

ဒီလို့လေ့လာတဲ့ အကျင့်ကလေးကိုပဲ SWOT analysis လို့ခေါ်တယ်ထင်ပါတယ်။

 

S – Strength

W – Weakness

O – Opportunities

T - Threats

 

နောက်တစ်ခါ အာရုံရမှပဲ Personal SWOT analysis ကိုခံစားကြည့်ဦးမယ်။ စီးပွားရေးနဲ့မဆိုင်ပဲ ကိုယ့်တကိုယ်ရေ SWOT analysis ပေါ့ဗျာ။ ရှာဖတ်ထားချင်ဖတ်ထားကြည့်ပေါ့။စိတ်ဝင်စားစရာ ကောင်းပါတယ်။

 

Ref: Management Course  Eight Edition

       Internet

 

လေးစားစွာဖြင့်

နေစိုးနိုင်

 

 

 

 

 


--
Nay Soe Naing
www.naysoenaing.com

မီးကို ရေနဲ့ ငြိမ်းသတ်ပါ


 

မီး…မီး…မီး...တဲ့ဗျာ ။

တညီးညီးတောက်လောင်

ဘယ်အကောင်…

ဘယ်ချောင်က ဘယ်လိုမွှေးမွှေး

မီးနဲ့ဝေးရာ…

ထွက်ပြေးသူက ထွက်ပြေးကြ

စုဝေးညီညာ…

ရေရှာကာ အပြီးငြိမ်းသတ်တဲ့သူက ငြိမ်းသတ်

ဒါ အပြင်ဖက်က မီး ။

 

အစစ်ရှာတဲ့ ချစ်နှလုံးသားကို

အပြစ်ပါတဲ့ အဖြစ်အရှုံးများနဲ့

ကြုံ့တွေ့ခံစားလိုက်ရတဲ့အခါ…

 

အချိုကြိုက်တဲ့သူကို အချဉ်ကျွေး

ဆဲဆိုကာအစဉ် မိုက်မီးမွှေးနေသူများနှင့်

ဆုံဆည်းမိလေသောအခါ…

 

အကောင်းတွေကိုပဲ လိုလိုချင်ချင်ရှိတဲ့ကျွန်တော်တို့

အဆိုးတွေကို ငြိုငြိုငြင်ငြင်နဲ့

လက်ခံနေရတဲ့အခါ…

 

အရာရာပျက်သုဉ်းမယ့် ဒဿနစကား

အမှတ်တရ  စူးနင့်စွာကြားထားဖူးတာက

"မီးကို မီးနဲ့ ငြိမ်းသတ်ရမယ်အကို"တဲ့ ။

 

"မေတ္တာသည် အကောင်းဆုံးလက်နက်"

"သီလသည် အခိုင်မာဆုံးတံတိုင်း"

"သမာဓိ ၊ ပညာသည် အကောင်းဆုံးဆေးဝါး"

ဒီစကားတွေ

ဘယ်နားမှာ သွားထား…ရမလဲ ။

ဘယ်နားမှာ သွားထား…ကြမလဲ ။

 

 

စေတနာ

29.01.2010(2း47PM)


မြို့လွှာရုံခြုံလေတဲ့ ရွာကလေးတွေဆီ . . .

 

    ငယ်ငယ်က ကျောင်းပိတ်ရက် ရောက်ပြီဆိုတိုင်း အဖေ့ဇာတိရွာကလေးဆီသို့ သွားနေကျဖြစ်သည်။ နွေကျောင်း ပိတ်ရက်တွေကို အဖေ့ရွာတွင် နေထိုင်ရင်း ဖြတ်သန်းရသည်ကို သဘောကျတာလည်းပါသည်။  တွေးမိလေတိုင်းလွမ်း ရသည့် မြင်ကွင်းတွေထဲတွင် မီးသင့်ထားသည့် ရိုးပြတ်တွေကြား၊ ပက်ကြားအက်လယ်ကွင်းတွေကြား  ခြေဗလာနှင့် တစ်ရွာတစ်ရွာ့ ကူးရတာလည်း ပါသည်။ ကျောက်ပြားလေးတွေ စီရရီခင်းထားသည့် ရွာလယ်လမ်းတစ်လျှောက် ရွာ့ အရှေ့ဖျား အနောက်ဖျား ကူးချည်သန်းချည် သွားရတာလည်း ပါလေသည်။ မနက်စောစော လှည်းတကျွီကျွီနှင့် ရွာ လည် ထွက်ရတာလည်း ပါပါလိမ့်မည်။

    
   
အဖေ့ရွာကို မရောက်တာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း မျက်ဝန်းထဲတွင် မှတ်မှတ်ထင်ထင် စွဲထင်နေ တတ်သည့် ပုံရိပ်တွေထဲတွင်တော့ နှင်းစက်တို့ တွဲခိုနေတတ်သည့် စပါးနှံတွေပြည့်နေသည့် လယ်ကွင်းတွေ၊ ကြာတွေ ပြည့်လျှံနေတတ်သည့် ရေကန်ကြီး၊ ကိုးတောင်ပြည့်ထုံးစေတီဖြူဖြူဖွေးဖွေး၊ ကျွန်းတိုင်လုံးကြီးတွေ ရာချီရှိသည့် ရွာဦး ကျောင်ကြီး၊ ဖုန်းတထောင်းထောင်းထနေသည့် လှည်းလမ်းကလေး ကောက်ကောက်ကွေးကွေး၊ မြစ်ဆိပ်သို့ဆင်းသည့် သစ်သားတံတားရှည်ရှည်ကြီး . . . စသည် စသည်ဖြင့်ပေါ့ . . .


   
အဖေ့ရွာ တစ်ရွာတည်းကိုတော့ဖြင့် ချစ်တတ် မြတ်နိုးတတ် တန်ဖိုးထားတတ်သည်တော့ မဟုတ်ပါ။ သည် မြင်ကွင်း သည်ရှုခင်း သည်ပုံရိပ်တွေကို မြင်ရ ခံစားရသည့် ကျေးလက်မြင်ကွင်းတွေကို သဘောကျတာ ချစ်တာ တော့ အမှန်ပဲ ဖြစ်ပါသည်။  ရွာကလေးတွေရဲ့ မြင်ကွင်း ပုံရိပ်တွေကိုချည်း ချစ်တတ်တာတော့လည်း မဟုတ်ပြန်ပါ။ ရပ်ဓလေ့ ရွာဓလေ့ ကျေးလက်ဓလေ့တွေကို နှစ်ချိုက်မိတာလည်း ပါပါလိမ့်မည်။ သည်လိုနှင့်ပင် ရွာကလေးတွေကို ချစ်တတ် မြတ်နိုးတတ်သည့် စိတ်ကလေးကို ရင်ထဲတွင် သိမ်းဆည်းထားမိတာလည်း ဖြစ်ပါလိမ့်မည်။

    ခရီးသွားရလေ့ရှိတိုင်း မြို့နှင့် မနီးမဝေး ရွာကလေးတွေဆီကိုတော့ မရောက်အရောက် သွားတတ်ပါ၏။ ဒါ ကလည်း ရွာကလေးတွေကို ချစ်တတ်သည့် အရင်းခံစိတ်နှင့် ရွာကလေးတွေ၏ မြင်ကွင်း ပုံရိပ်တွေ ဓလေ့စရိုက်က လေးတွေကို ခံစားလို၍လည်း ဖြစ်သည်။ မြို့ကြီးပြကြီးတွေမှာ ဘယ်လိုမှ မရနိုင်သည့် ကျေးလက်ရနံ့ကို မက်မက် စက်စက် ရှိလို့လည်း ဖြစ်ပါ၏။ ပြီးခဲ့သည့် ခရီးမှာတော့ အထက်အညာဆီက ရွာကလေးတွေကို ရောက်ခဲ့ရပြန်ပါ သည်။  သည်နယ်ဘက်တွေကတော့ သီးထပ်ဧရိယာတွေမို့ အခြားဒေသက ရွာကလေးတွေထက် စီးပွားရေးတောင့် တောင့်တင်းတင်းရှိလှသည်။ တစ်ချို့ရွာလေးတွေကိုတော့ ခရီးလမ်းခုလတ်တွင် ခေတ္တရပ်မိသည့် အခိုက်အတန့်ကလေး သာနေဖြစ်ပါ၏။ တစ်ချို့ရွာလေးတွေမှာတော့ နားနားနေနေ အေးအေးလူလူ နားရခိုရသည်လည်း ရှိပါသည်။ တစ်ချို့ ရွာလေးတွေကတော့ ခရီးလမ်းတစ်လျှောက် ရွာလယ်လမ်းက ဖြတ်သန်း သွားရတာမျိုးတွေလည်း ရှိခဲ့ပါသည်။ ရောက်ခဲ့ရသည့် ရွာအများစုကတော့ အဝေးပြေးကားလမ်းမကြီးတွေနှင့် မနီးမဝေးက ရွာတွေပဲ ဖြစ်ပါသည်။

ဟိုတုန်းကလိုမျိုး . . .
   
ကျေးလက်မြင်ကွင်းပုံရိပ်တွေကတော့ ဆယ်စုနှစ် နှစ်စုကျော်ကျော်ကာလအတွင်း အပြောင်းလဲကြီး ပြောင်း လဲသွားကြပြီ ဖြစ်ပါသည်။ လှည်းလမ်းကြောင်းတစ်လျှောက် ဂွန်နောင်းတွေ ပြေးနေကြပြီ။ ရွာလယ်လမ်းတွေသည် လည်း လူတစ်ကိုယ်စာ မဟုတ်လေတော့။  ဟိုတုန်းကလို  နွားလှည်း တကျီတကျီနှင့် တအိအိ ခရီးမနှင်ကျရတော့။ တစ်ရွာ့တစ်ရွာ ခရီးကတော့ ဂွန်နောင်းနှင့်သာ။ ပစ္စည်းပစ္စယာ ၀န်စည်စလယ်တွေနဲ့ မြို့တက်ချင်လည်း ဂွန်နောင်းနဲ့ပင်။ ဟိုတုန်းကလို မြို့ကြီးပြကြီးတွေက လူတွေဆီ လူကြုံလှည်းကြုံနှင့် အမှာဆင့်စရာမလိုတော့ ရွာတွေတိုင်းလိုလို အဝေး ပြောဖုန်းတွေ ရှိလာပြီ။ အိမ်တိုင်းစေ့နီးပါး ဆိုင်ကယ်တွေရှိလာကြပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ ကြေးအိုး ဆီချက် ရှမ်းခေါက်ဆွဲ စားသောက်ဆိုင်တွေ၊ ဘိလိယက်ခုံတွေ၊ ကာရာအိုကေဆိုင်တွေ ရောက်လာကြပြီ။ မီးစက်မောင်းသံ တွေကိုလည်း နေ့ရောညရော ကြားရပြန်သည်။ ဟိုတုန်းကလို ရွာလယ်လမ်းပေါ် လျှောက်လိုက်သည်နှင့် နွားအော်သံ၊ ကြက်ဘဲသံတွေ ဆူဆူညံညံ အသံတွေကို  ကာရာအိုကေဆိုင်က သီချင်းသံတွေ၊ ဂွန်နောင်းစက်သံ၊ မီးစက်မောင်းသံတွေ က နေရာယူလိုသွားကြပြီ။ တွံတေးသိန်းတန်တို့ ဟင်္သာထွန်းရင်တို့လို မြန်မာသံစဉ်သီချင်းတွေနေရာတွင် တောဂေါ်လီနှင့် ဟစ်ဟော့ပ်သီချင်းတွေက နေရာတော်တော်များ ယူထားလိုက်ကြပြီဖြစ်သည်။ ပြောင်းလဲမှုကတော့ နေရာတကာမှာ တွေ့နိုင်ပါ၏။ မှတ်မှတ်ရရ ရှိနေတာကတော့ ရိုးရာအစားအစာတွေပဲဖြစ်သည်။ ရွာတော်တော်များမှာ မရနိုင် တော့။ ပြီးတော့ စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာလည်း တွေ့ရသည်။ ဟိုတုန်းကတော့ ရွာကအိမ်တွေ ဧည့်ခံကြ ပြီဆိုလျှင် ငါးပိရေချိုကလေး၊ ကြက်သားကာလသားချက်ကလေး၊ ရရာအသီးအရွက်အကြော်တစ်ခွက်တော့ ပါတတ်ပါ သည်။ အခုတော့ စားသောက်ဆိုင်ကပင် တရုတ်အစားအစာ လွယ်လွယ်ကူကူ မှာကျွေးလိုက်ကြတာပါပဲ။  နံနက် စောစောဧည့်ခံတတ်သည့် ဘူးသီးကြော်လို အကြော်စုံနှင့် ရေနွေးကြမ်းအစား တရုတ်မုန့်တွေနှင့် ကော်ဖီမစ်နှင့် ဧည့်ခံ လာကြသည်။ အိမ်တိုင်းမှာတော့ နံနက်စောစော ထမင်းကြမ်း၊ အကြော်စုံနှင့် ရေနွေးကြမ်း၊  စားတတ်ကြသည့် အစဉ်အလာတော့ နည်းပါးသွားကြပြီ ဖြစ်သည်။ နံနက်စောစော လဘက်ရည်ဆိုင်သွားကြတာက များသည်။

ကုန်စည်မျိုးစုံတို့ရဲ့ အဓိကပစ်မှတ်လေလား . . .
   
ရွာကလေးတိုင်း လိုလိုရှိ  အိမ်ခန်း နံရံတွေထက်မှာတော့ ကုန်စည်ကြော်ငြာမျိုးစုံ ပို့စတာတွေက နေရာယူ ထားလိုက်ကြပြီ ဖြစ်သည်။ မြို့ကြီး ပြကြီးတွေမှာပင် တွေ့ရ မြင်ရခဲသည် ကုန်စည်ကြော်ငြာတွေက အမြင်တွေ ဆန်းလို့နေသည်။ တစ်ချို့ကုန်စည်နာမည်တွေက  ကြားပင် မကြားဘူး။ သြော် . . . ရွာကလေးတွေက မြို့ကြီးပြကြီး ထက်ပင် ကုန်စည်ပစ္စည်းတွေ စုံလင်လှပုံရသည်။ အများစုကတော့ ယမကာတွေပဲ ဖြစ်လို့နေသည်။ ကုန်စည် အသစ် ပေါ်ပြီဟေ့ဆိုသည်နှင့် ရွာကလေးတွေကလူတွေ  ၀ယ်သုံးလိုက်ကြသည်ကများသည်။ တီဗီမှာ ကနေ့ ကြော်ငြာအသစ်ပါ လာလျှင် မနက်ဖြန်ဝယ်သုံးကြမည်။  ရွာကလေးတွေရဲ့ ဈေးကွက်ကပဲ အမှန်တကယ် စားသုံးသူများ ဖြစ်လို့နေသလား။  မြို့ကြီးပြကြီးမှာ တိုးမပေါက်နိုင်သည့် ကုန်စည်တို့၏ အဓိကပစ်မှတ်က ရွာကလေးတွေပဲ ဖြစ်လို့နေလေသလား။   ကုန်စည်မျိုးစုံတွေကတော့ ရွာကလေးတွေဆီသို့ ၀င်လာမဆဲ တသဲသဲပါပဲ။ တိုင်းရင်းဆေး အင်္ဂလိပ်ဆေး ဆေးဝါး အသစ်တွေ အဖျော်ယမကာနာမည်သစ်တွေ ကော်ဖီမစ် နို့ဆီ စားသောက်ကုန်မျိုးစုံကြော်ငြာဗီနိုင်း ကြီးငယ်တွေ မန် ကျည်းပင်ပေါ်မှာ အိမ်ဆိုင်တွေ လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်ငယ်လေးတွေမှာ အပြိုင်အဆိုင် ချိတ်ဆွဲထား ကြသည်။ 
   
မန္တလေးအက်ဖ်အမ်ကို အသံချဲ့စက်ဖြင့် တစ်နေကုန်တစ်နေ့ခမ်း ဖွင့်ထားတတ်သည့် ရွာကလေးတစ်ရွာ ကို လည်း ရောက်ခဲ့သည်။ အချို့ရွာတွေက ဆည်ရေ သောက်တွေမို့ မြောင်းရေကိုပင် အိမ်သို့ပိုက်ဖြင့်သွယ်ကာ သုံးနေကြ ပြီ။ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်းတွေ ရှိသည့် ရွာကလေးတွေကိုလည်း ရောက်ခဲ့သည်။ အပ်ပုန်းဟု လူသိများသည့် ဒေါက်တာရမ်းကုရန်က ကင်းဝေး၍ ၀မ်းသာရပါ၏။ ဒါပေသိ ဆေးဆိုင်က စပ်ဆေးကိုတော့ အားပေး နေကြဆဲပင်။ မူလတန်းလွန်ကျောင်း၊ အလယ်တန်းလွန်ကျောင်းတွေလည်း ရွာတော်တော်များမှာ ရှိလာကြပြီ။ ဟိုတုန်း ကလိုတော့ ပညာရေးအတွက် မြစ်ကူးချောင်းခြား မသွားရတော့။ ကျူရှင်ရှိနေတာတော့ နည်းနည်းဆန်းသည်။ ရောက် ခဲ့သမျှ ရွာလေးတွေက စီးပွားကောင်းကြတာ စိတ်ချမ်းမြေ့စရာပဲ ဖြစ်သည်။ စိုက်မှု ပျိုးမှုနှင့် ပတ်သက်၍တော့ လေ့လာအားကောင်းသူတွေရှိကြသလို ကြော်ငြာအားကိုးနှင့် သုံးစွဲနေကြတာတွေ ရှိသည်။ စာဖတ်အားကောင်းသည့် ရွာခံတွေလည်း မနည်းလှ။ စာကြည့်တိုက်တွေကတော့ ဟောတစ်လုံး ဟောတစ်လုံးပင်။ စာဖတ်သူတွေ ရှိမရှိတော့ သတိမထားမိ။

    ဟိုတုန်းကတော့ ကျေးလက်နှင့် မြို့ကြီးပြကြီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ၍ အခွင့်အရေးတွေကွာ လှသည်ဟု ဆိုကြသည်။ အခုတော့ မြင်တွေ့ရသည့် ကျေးလက်မြင်ကွင်းတွေသည် မြို့ကြီးပြကြီးနှင့်  အခွင့်အရေးသိပ် ကွာခြားမှုမရှိတော့ဘဲ  တူတာတွေ အများကြီးဖြစ်လို့ နေသည်။ နေ့နေ့ညည မီးစက်မောင်းရတာလည်း တူသည်။ ပေါ်ဦးပေါ်ဖျား ဘာကုန်စည်ပဲဖြစ်ဖြစ် ရွာကလေးတွေကို အချိန်မဆိုင်းဘဲ ရောက်လာတာချည်း။ စားသောက်ဆိုင် ကလေးတွေ ပေါလာတော့လည်း နေ့နေ့ညည  အနားယူအပမ်းဖြေနိုင်တာသည်လည်း တူသွားပြန်သည်။ တီဗီ ချယ် နယ်တွေကတစ်ဆင့် ကမ္ဘာ့အားကစားမြင်ကွင်းတွေကို ခံစားနိုင်တာလည်း တူပြန်သည်။ နေ့နေ့ညည လဘက်ရည်ဆိုင် ထိုင်နေကြသည်လည်း အတူတူပဲပင်ဖြစ်သည်။ ကလေးတွေ ကျောင်းပြီးတော့ ကျူရှင်ပြေးရတာလည်း တူနေပြန်ပါ သည်။ လူကြီးတွေ အလုပ်နှင့်လက်မပြတ်မို့ ကလေးတွေကို သိပ်မကြည့်အားတာလည်း တူသည်။  ဂိမ်းဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေမှာ နေ့နေ့ညည လူတွေစည်နေတာသည်လည်းတူလို့နေပါသည်။
   

မြို့ကြီးပြကြီးတွင် မရှိတော့သည့် ရပ်ဓလေ့ ရွာဓလေ့တွေလည်း ရွာကလေးတွေကို စွန့်ခွာသွားကြပုံရသည်။  အိမ်ခြေတွေ စိတ်မလာ တိုးမလာပေမယ့် ရွာနေလူဦးရေကတော့ သိသိသာလျော့ကျသွားကြသည်တဲ့။ မြို့တက်အလုပ် လုပ်သူတွေ၊ နိုင်ငံရပ်ခြားသွားကြသူတွေက နှစ်စဉ်တိုးလိုနေသည်။ ဘွဲ့ရပညာတတ်တွေ များလာတော့ သိသိသာ သာပါပဲဟု ရွာခံတွေက ဆိုကြသည်။ အများစုကတော့ ရွာပြန်လာလေ့မရှိ။ မြို့ကြီးမှာ ရရာအလုပ်လုပ်နေကြသည်။  ရွာကလေးတွေ အများစုကတော့ လူငယ်တွေ သိသိသာသာနည်းလာတာပါပဲ။ ရှိသည့်လူငယ်တွေကို  အားလပ်ချိန် တော်တော်များကို ဘီလိယက်ခုံတွေမှာ၊ လက်ဘက်ရည်ဆိုင်တွေမှာ စားသောက် ဆိုင်တွေမှာ တွေ့ရတာများသည်။
   
ရွာကလေးတွေရဲ့ နေထိုင်မှုတွေကတော့ မြို့ပြဆန်သထက် ဆန်လာတာ တွေ့ရသည်။ အထူးသဖြင့်တော့ မှုခင်းတွေ ပေါလာတာပဲဖြစ်သည်။ ဒါလည်း မြို့ပြနှင့်တူသည်အထဲမှာပါသည်။ ခိုက်ရန်ဖြစ်ပွားမှု နှုန်းတွေ တက် လာသည်။ ဟိုတုန်းကလို မိသားစုပဋိပက္ခ၊ လယ်မြေအရှုပ်အရှင်းတွေ၊ ငွေပေးငွေယူကိစ္စတွေကို ရွာလူကြီးတွေ ရွာဦးကျောင်းက ဆရာတော်တွေက ဖြေရှင်းပေး၍ရသည့် ဓလေ့တွေ မရှိလေတော့။ တုတ်တပြက် ဓားတပြက် ရှင်း တတ်လာကြပြီ။ ဟိုတုန်းကတော့ ရွာဆိုသည်မှာ အိမ်ခြေကလည်း နည်းသေးသည်။ ပြီးတော့ ဟိုအိမ်သည်အိမ် အမျိုးတွေတော်စပ်ကြသည်ချည်း။  သည်လိုအခြေအနေမျိုးတွင် ရွာက သက်ကြီးသူတွေက သြဇာကိတ္တမ ရှိသည်။ ရွာဦး ကျောင်းဆရာတော်ဆိုလျှင် တစ်ရွာလုံးက  အရိုအသေ အလေးအမြတ်ထားရဆုံး ပုဂ္ဂိုလ်အဖြစ် အရှိန် အ၀ါကြီး လှသည်။ ခုချိန်တွေမတော့ ဟိုတုန်းကလို အိမ်ခြေနည်းနည်း ဆွေမျိုးတွေ စုနေသည့်ရွာကလေးတွေလည်း မဟုတ် လေတော့။ ဟိုတုန်းကလို ဆွေနီးမျိုးစပ်တွေချည်း နေသည့်ရွာလည်း မဟုတ်တော့ ကူးလူးဆက်ဆံမှုတွေ များလာ၍ မျက်နှာစိမ်းသူတွေလည်း ရွာကလေးတွေမှာ အခြေချလာကြပြီ။ ဟိုတုန်းကလို လူတစ်ဦးကို မြင်လိုက်ရုံဖြင့် ဒါကရွာ  အရှေ့ဖျားက ဘယ်သူ့သားသမီး မောင်ဘယ်သူဟု အတတ်မသိကြတော့။ စည်းလုံးညီညွတ်မှုအားဖြင့် တားထား ကြသည့် တစ်အိမ်တစ်အိမ် စည်းရိုးတွေ ခုနှယ်တော့ အခိုင်အမာ ကာလိုက်ရံလိုက်ကြရပြီ။ နှစ်အိမ်တစ်အိမ် နေကြ သည့် ဓလေ့တွေ ပျောက်ကုန်ကြပြီ။ အိမ်နီးချင်းတွေကို အိမ်အပ်ပြီး မြို့တက်နိုင်ဖို့ ခရီးရှည်သွားနိုင်ဖို့ကတော့ ဝေးသွားကြ ပြီတဲ့။

မျှော်လင့်ချက်မနက်ဖြန်   
   
ရောက်ခဲ့ရသည့် ရွာကလေးတွေကတော့ အထက်အညာဆိုပေမင့် ရန်ကုန်-မန္တလေး၊ မန္တလေး-လားရှိုး အဝေး ပြေးကားလမ်းမကြီး မနီးမဝေးက ရွာကလေးတွေမို့ မြို့ပြဆန်နေတာလည်း ဖြစ်ပါမည်။ ဟိုတုန်းကလို မြင်ကွင်းမျိုး တွေ ဓလေ့ကလေးတွေ ရှိနေသေးသည့် ရွာကလေးတွေလည်း အများကြီး ရှိပါဦးမည်။ ဘာပဲဖြစ်ဖြစ် ရွာကလေးတွေ ကို ချစ်တတ်သည့် စိတ်ကလေးကတော့ ဘယ်လိုအခြေအနေတွေ ရောက်ရောက် လျော့ပါးသွားမည်တော့ မဟုတ်ပါ။ ရောက်ခဲ့ရသည့် ရွာကလေးတွေ၏ တည်နေရာတွေသည် မြေပြန်ဒေသတွေ၊ တောင်ကုန်းဒေသတွေ မြေမြင့်ဒေသ တွေ ကွဲပြားခြားနားနေပေမင့် ရွာသူရွာသားတွေ၏ မျက်ဝန်းတွေထဲက မျှော်လင့်ချက်တွေကတော့ အတူတူတွေချည်း။ ၀င်ငွေနည်း မိသားစုတွေအတွက်ကတော့ ဘယ်နေရာမှာတွေမှာပဲနေနေ မနက်ဖြန်တွေအတွက် သည်နေ့တွေကို စ တေးလိုက်ကြပုံကတော့ အတူတူချည်းပါပဲ။ မြို့ပြရယ် ရွာကလေးတွေရယ်လို့တော့ ကွာဟမသွားကြပါ။ သူတို့အတွက် မနက်ဖြန်တွေ ရှိလာဖို့တော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါဦးမည်။ အပြောင်းအလဲတွေကိုတော့ ဘယ်လိုပဲဖြစ် ဖြစ် လက်ခံကြရမှာပါပဲ။ ဒါပေသိ အပြောင်းအလဲတွေတိုင်းသည် အံဝင်ခွင်ကျနှင့် အလိုက်အသင့်အလျားသင့် ပြောင်း လဲသွားဖို့ကော မလိုပေဘူးလားဟုလည်း စဉ်းစားမိပါ၏။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အပြောင်းအလဲတွေ ဖြစ်စမှာတော့ ပဋိပက္ခအသွင်တွေ ပေးဆပ်လိုက်ရတာတွေ အနည်းငယ်တော့ ရှိတတ်ပါသည်။ ဒါတွေကို ရင်မဆိုင် ချင်၍ အပြောင်းအလဲတွေကို မလိုချင်လို့တော့ မဖြစ်ပါ။ အပြောင်းအလဲတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတတ်သည့် သဘောတရား အရှိတရားကို လက်ခံနိုင်ဖို့တော့ ပြင်ဆင်ထားရပါလိမ့်မည်။

 
အောင်စည်ဟိန်း


 

 

မင်းသိဖို့ကောင်းတယ်


နွေနွေ မိုးမိုး ဆောင်းဆောင်း
အကြောင်းသုံးပါးမရွေး
လာချင်ရင်လာ ပြတ်ချင်ရင်ပြတ်တတ်တဲ့
လျှပ်စစ်မီးနဲ့ ရေကိုတောင်
မင်းသည်းခံနိုင်ပြီဆိုမှတော့ကွာ
မင်းချိန်းလိုက်တိုင်း
လာချင်မှလာတတ်တဲ့တို့အကြောင်းကိုလည်း
မင်း သိဖို့ကောင်းတယ်။

အရေးတကြီး ဖုန်းဆက်လိုက်တိုင်း
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . .
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . .
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ . . . နဲ့
အသံကလေးချိုသာသလောက်
စိတ်မသက်မသာဖြစ်ဖြစ်သွားရတဲ့
အလိုအလျောက်ဖြေကြားစက်ထဲက အသံကိုတောင်
မင်းသည်းခံနိုင်စွမ်းရှိမှတော့ကွာ
မင်းချိန်းလိုက်တိုင်း အကြောင်းအမျိုးမျိုးပြတတ်တဲ့
တို့အကြောင်းကိုလည်း
မင်း သိဖို့ကောင်းတယ်။

ရုံးတက်ရုံးဆင်းချိန်တိုင်း
တိုးတက်တိုးဆင်းရတဲ့ လိုင်းကားစီးရတဲ့ဒုက္ခ
လစာအိတ်ပါးပါးနဲ့ ခေါင်းစဉ်မျိုးစုံအောက်က
ခုန်ခုန်ထွက်တတ်တဲ့ ငွေအကြောင်းကြေးအကြောင်းနဲ့
ငွေအကြွေ ပြန်လဲခိုင်းတိုင်း ကားစပယ်ယာရဲ့ မျက်စောင်းကို
မင်းခံနိုင်ရည် ရှိထားမှတော့ကွာ
မပေါင်းစပ်နိုင်သေးတဲ့ တို့နှစ်ယောက်အကြောင်းကို
မင်းသိဖို့ကောင်းတယ်။
--
အောင်စည်ဟိန်း

online birthday



-- ကျွန်တော့်ရဲ့ သူငယ်ချင်းများ
ခင်မင်နွေးထွေးသော သူငယ်ချင်းများအားလုံးနဲ့အတူ ပျော်ရွှင်ဖွယ်မွေးနေ့လေးကို
အွန်လိုင်းမှတစ်ဆင့် ခံစားရရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။
နွေးထွေးသော သူငယ်ချင်း
ဇေယျာဦး
All of my friend,
                     I will be believe for my happy birthday with warmly and kindly my friends.
warmly
zayaroo
Nay Soe Naing
www.naysoenaing.com

အနေမတတ်ရင် ..

ပေးသမျှယူ ၊ ကျွေးသမျှစား ၊ ငါထားရာနေ ၊ ငါစေရာသွား ငါ့ စကားဆိုသေအောင်ကြောက်ခဲ့ ကြတာ မင်းတို့အမျိုးတွေလေကွယ်။
နေလာတာအချိန်ကြာတော့ ပြည်ရွာကို ကိုယ့်အိမ်မှတ်ပါလို့ မအောင်မမြင် ဟောင်ချင်တတ်တဲ့ အကျင့်ဆိုးရှိတာလဲ မင်းတို့ပါပဲ။
စောင်ခြုံထဲက လက်သီးပြ ၊ ထိုးကွင်းထဖို့ အတွက် သူခိုးအပြေးကို စောင့် လို့စောင့် ။

သနားအောင်နေပြလို့ လက်ပေးသင်တာကို မျက်နှာတော့ တက်မလျှက်နဲ့လေကွယ် ။ သီးခံခြင်းဆိုတာ ပါရမီ ရှိမှ အရာရောက်မှာ မင်းသိအောင်တော့ပြောထားလိုက်ဦးမယ် တို့တတွေက အပြုံးချိုပေမဲ့ ဒေါသကြီးတယ်ကွဲ့ ။ ပါရမီ ကလည်း သိပ်ရှိမထင်ပါဘူး။

အသေခံဗုန်းမခွဲ တတ်လို့တော့ သူရဲဘောကြောင်တယ်လို့မထင်ပါနဲ့ကွယ် ။ သတ္တိဆိုတာ သေရဲတာမဟုတ်ပါဘူး ။ ရာဇ၀င်မှာ စာတင်ထားတဲ့ မြန်မာတွေဆိုတာ မင်းတို့လည်းကြားဖူးပေမပေါ့။ မကြားဖူးရင် ကြားဖူးချင်ကြမယ်ထင်ပါ့ ။ ဝေးဝေးပြေးပြီး စာအုပ် တွေ ရှာဖတ်မနေပါနဲ့ကွာ ။ မင့်အဘိုး ၊ မင့်အဘေး ပြေးပြီးမေးကြည့်လိုက် မြန်မာဆိုတာ ဘာလဲလို့။

မင့်အဘိုး ၊ မင့်အဘေး အရိုးမဆွေးသေးဘူးဆိုရင် မြန်မာဆို အသံကြားတာနဲ့ သေနေရင်တောင် အရိုးစု က ထ ကန်တော့ပါလိမ့်မယ်။ လျှောက်ပြောရင် ဒေါသတွေပါလာတော့မယ်။ ငါတို့လူမျိုးက ဒေါသကြီးတယ်ကွဲ့ ။

အခြေနေပေးလို့ ရွှေလေးဝတ်နိုင်တာကို ကိုယ့်ကိုယ်ကို ရွှေသူဌေးလို့တော့ မထင်လိုက်ပါနဲ့ ။ အခြေနေပေးသလောက်နဲ့ နေတတ်အောင်နေပါ။ မင်းတို့လည်း ကြားဖူးပေမပေါ့ ကျီးကန်း ရေချိုးပေးလဲ ဘယ်တော့မှ ဗျိုင်းဖြစ်မလာဘူးဆိုတာလေ။ ကျီးဖြစ်နေရင် ကျီးဘ၀ မှာပျော်အောင်နေပါ။ ဗျိုင်းဆိုလည်း ဗျိုင်းပေါ့ကွာ ။ ကျီးလိုလို ဗျိုင်းလိုလို ဟိုမရောက်ဒီမရောက် တော့ လာမလုပ်နဲ့ကွ။

သမိုင်းတွင်တဲ့ ငါတို့အမျိုး ရိုးရိုးလေးပဲနေတတ်ပါတယ် . . .
သူများတွေလာစော်ကား .. သည်းခံခြင်းနဲ့ဖြေတတ်ပါတယ် . . .
လောကဓံတရား ... ဓမ္မအားဖြင့်တွန်းလှန်ပါတယ် . . .
အေး .. မသေမချင်းတော့ မှတ်သွားလိုက် . . .

သည်းမခံနိုင်ရင် လူသတ်တတ်တယ် ..
သည်းမခံနိုင်ရင် နှင်ထုတ်တတ်တယ် . .
အမျိုးပြုတ်အောင် လုပ်တတ်တဲ့ အကျင့်ရှိတာလဲ ... ဗမာပဲ ဗျ။
ရာဇ၀င်မှာ အထင်အရှားပါ ကွာ . . . မယုံရင် ပုံပြင်လို့မမှတ်နဲ့ မင့် အဘိုးသွားမေး သိလား ။ အရိုးမဆွေးသေးရင် သူဖြေပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာတော့ နေတတ်အောင်နေပါ .. အနေမတတ်ရင် .. လေဖြတ်ချိန်တောင်မရလိုက်ဘဲ .. သေတတ်တယ်။

အဆင်ပြေပါစေကွာ

လေးစားစွာဖြင့်
နေစိုးနိုင်